enCASH Deposits
အကောင့်တစ်ခုထဲနဲ့ အကုန်လုံး အဆင်ပြေစေမည့် enCASH အကောင့်
enCASH Deposits Account
လွှဲပြောင်း အပ်နှံငွေကို ငွေသားထုတ်ယူရင်း တစ်နှစ်တာကာလအတွင်း မြင့်မားသောအတိုးနှုန်း ၉.၂၅% ဖြင့် ငွေစုတိုးပွားလာစေနိုင်မည့် စာရင်းသေအပ်ငွေအကောင့် ဖြစ်ပါသည်။
Features
- အနည်းဆုံးထားရှိရမည့် ငွေပမာဏ (၁၀,၀၀၀) ကျပ်
- တစ်နှစ်အပ်နှံနိုင်ခြင်း
- ငွေအပ်နှံခြင်းကို အခြားဘဏ်မှ Interbank ငွေလွှဲ (သို့) ချက်လက်မှတ်၊ ငွေသား တို့ဖြင့် ပြုလုပ်နိုင်ခြင်း
- မြန်မာငွေကျပ်ဖြင့်သာ အကောင့်ဖွင့်လှစ်နိုင်ခြင်း
Benefits
- အပ်နှံငွေနှင့် အတိုးနှုန်းကို ငွေသား အပြည့်အဝ ထုတ်ယူနိုင်ခြင်း
- အလွယ်တကူငွေသားထုတ်ယူခွင့်ရှိသည့်အပြင် ငွေစုသက်တမ်းအလိုက် ရွေးချယ်အပ်နှံနိုင်ခြင်း
- အတိုးကို အပြည့်အဝငွေသားထုတ်ယူနိုင်ခြင်း
- မြင့်မားသောအတိုးနှုန်း ရရှိနိုင်ခြင်း
-
လုံခြုံစိတ်ချရခြင်း
Rate and Fees
ကာလ | အတိုးနှုန်း(p.a)* |
၃ လ | ၈.၂၅% |
၆ လ | ၈.၅% |
၁ နှစ် | ၉.၂၅% |
Eligibility
- မြန်မာနိုင်ငံသား အသက် (၁၈) နှစ်နှင့် အထက် ရှိသူ (တစ်ဦးတည်းအကောင့် (သို့) ပူးတွဲအကောင့်)
- တစ်ဦးတည်းပိုင်လုပ်ငန်း၊ ပူးတွဲဆောင်ရွက်မှုလုပ်ငန်း၊ မြန်မာနိုင်ငံ ကုမ္ပဏီမှတ်ပုံတင်ထားသည့် စာရွက်စာတမ်း
Documents Required
တစ်ဦးချင်းဆိုလျှင်
- မှတ်ပုံတင် မိတ္တူ/ နိုင်ငံကူးလက်မှတ်
Company
- ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်းများ
- အကျိုးခံစားခွင့်ပိုင်ရှင်များ၏ သက်သေခံစာရွက်စာတမ်းများ (မှတ်ပုံတင် / နိုင်ငံကူးလက်မှတ်)
- Memorandum of Association / Article of Association (in case of Pvt. Ltd)
- ပူးတွဲစာချုပ် (ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ဆောင်နေပါက)