AGD Super
ငွေကြေးကိစ္စ ပြီးပြည့်စုံစွာ အကောင်းဆုံးငွေစုပါ AGD Super
AGD Super အကောင့်သည် ငွေအပ်နှံချိန်တွင် မြင့်မားသည့် တစ်နှစ်အတိုး ၉.၉% ကို ငွေသားချက်ချင်း ကြိုယူနိုင်မည့်အပြင် သက်တမ်းပြည့်ချိန်တွင် အပ်ငွေကို ငွေသားအဖြစ်ထုတ်ယူနိုင်မည့် အာမခံချက်အပြည့်ရှိပြီး လိုအပ်ချိန်တွင် အပ်ငွေ၏ တစိတ်တပိုင်းကို လျင်မြန်စွာ ထုတ်ယူနိုင်သော အကောင့်အမျိုးအစား ဖြစ်ပါသည်။
Features
- မြင့်မားသည့် အတိုးနှုန်း ၉.၉%p.a ခံစားရရှိနိုင်ခြင်း
- အတိုးကို EZYCash အကောင့်ထဲသို့ ချက်ချင်း ထည့်သွင်းပေးခြင်း
- ငွေသား အကန့်အသတ်မရှိ ထုတ်ယူနိုင်သည့် EZYCash/ EZYCash Platinum အကောင့် ဖြင့် ပူးတွဲအသုံးပြုနိုင်ခြင်း
- AGD Super အကောင့်အပ်ငွေ တစိတ်တပိုင်းကို လိုအပ်ချိန်တွင် ထုတ်ယူနိုင်ခြင်း
- ငွေအပ်နှံခြင်းကို ငွေသား (သို့) Interbank ငွေလွှဲတို့ဖြင့် ပြုလုပ်နိုင်ခြင်း
- Fixed Deposits အကောင့်ဟောင်း ပိုင်ရှင်များအနေဖြင့် မူလအပ်ငွေ၏ ၄၀% ကို ဖြည့်စွက်ပြီး AGD Super သို့ပြောင်းလဲ အသုံးပြုနိုင်ခြင်း (ပြောင်းရွေ့ရာတွင် စာရင်းသေအပ်ငွေ အကောင့်အသစ် အဖြစ် ငွေစုသက်တမ်း (၁၂)လ ထားရှိရန် လိုအပ်ပါသည်)
- အနည်းဆုံး ငွေပမာဏ သိန်း (၁၀၀) ကျပ် ဖြင့် စတင်စုဆောင်းနိုင်ခြင်း
Benefits
- မြင့်မားသော တစ်နှစ် အတိုးနှုန်း ၉.၉% ရယူနိုင်ခြင်း
- အတိုးကို အပ်နှံချိန်တွင် ချက်ချင်း ရယူနိုင်ခြင်း
- အပ်ငွေ၏ တစိတ်တပိုင်းကို လိုအပ်သည့်အခါတွင် လျင်မြန်စွာ ထုတ်ယူနိုင်ခြင်း
- ငွေစု သက်တမ်းပြည့်ချိန်တွင် အပ်နှံငွေကို EZYCash အကောင့်မှတဆင့် ငွေသားအပြည့်အဝထုတ်ယူနိုင်သည့် အာမခံချက်ရရှိနိုင်ခြင်း
- EZYCash အကောင့်ဖြင့် ငွေမထုတ်ဖြစ်သူများသည် အတိုးနှုန်း ၈.၅% အထိ ရယူနိုင်ခြင်း
Super ပရိုမိုးရှင်း
AGD Super ၏ ကနဦးပရိုမိုးရှင်း အနေဖြင့် ၃လအတွင်း ငွေလာရောက်အပ်နှံသူများကိုအောက်ဖော်ပြပါ အထူးလက်ဆောင်များ စီစဉ်ပေးအပ်သွားမည် ဖြစ်ပါသည်။
- ကျပ်သိန်း ၅,၀၀၀ နှင့်အထက် ပထမဆုံးလာရောက် အပ်နှံသူ အယောက် (၅၀) ကို အခေါက်ရွှေပြား တစ်ပြားလက်ဆောင်
- ကျပ်သိန်း ၅၀၀ နှင့်အထက် လာရောက်အပ်နှံသူများအတွက် Aureum Palace နှင့် Myanmar Treasure Resort တွင် အခမဲ့ (၃) ည တည်းခိုခွင့်ကူပွန်
Rates and Fees
- ငွေစုသက်တမ်း ၁၂လ – အတိုးနှုန်း ၉.၉% p.a
Eligibility
- မြန်မာနိုင်ငံသား အသက် (၁၈) နှစ်နှင့် အထက် ရှိသူ (တစ်ဦးတည်းအကောင့် (သို့) ပူးတွဲအကောင့်)
- တစ်ဦးတည်းပိုင်လုပ်ငန်း၊ ပူးတွဲဆောင်ရွက်မှုလုပ်ငန်း၊ မြန်မာနိုင်ငံ ကုမ္ပဏီမှတ်ပုံတင်ထားသည့် စာရွက်စာတမ်း
လိုအပ်သောစာရွက်စာတမ်းများ
တစ်ဦးချင်းဆိုလျှင်
- နိုင်ငံသားမှတ်ပုံတင် သို့မဟုတ် Passport မိတ္တူ တစ်စုံ
ကုမ္ပဏီ
- ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်းများ
- အကျိုးခံစားခွင့်ပိုင်ရှင်များ၏ သက်သေခံစာရွက်စာတမ်းများ (မှတ်ပုံတင် / နိုင်ငံကူးလက်မှတ်)
- ပူးတွဲစာချုပ် (ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ဆောင်နေပါက)