Foreign Currency Accounts
![](/application/files/8616/5933/6067/foreign-currency.jpg)
AGD ဘဏ်၏ နိုင်ငံခြားငွေအကောင့်ကို ငွေကြေး (၃) မျိုးဖြင့် ဖွင့်လှစ်နိုင်ပါသည်။ ပြည်ပတွင် ငွေကြေးအသုံးပြုနိုင်ရန်နှင့် နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဆောင်ရွက်ပေးထားသော အကောင့်ဖြစ်ပါသည်။
နိုင်ငံခြားငွေကြေး အကောင့်
သင်ဟာ မကြာခဏဆိုသလို နိုင်ငံခြားငွေကြေးများ ကိုင်တွယ်အသုံးပြုနေရသူ သို့မဟုတ် နိုင်ငံခြားငွေကြေးလက်ခံရရှိနေသူဖြစ်ပါက ဤအကောင့်ဟာ လုံခြုံစိတ်ချရမှုအရှိဆုံး နှင့် အသင့်လျော်ဆုံးသော အကောင့်ဖြစ်ပါသည်။
ငွေကြေး (၃) မျိုးထဲမှရွေးချယ်နိုင်ပါသည်။
- အမေရိကန်ဒေါ်လာ
- ယူရို
- စင်ကာပူဒေါ်လာ
ဤအကောင့်ဟာ အတိုး မရရှိနိုင်သော အကောင့်ဖြစ်ပြီး ငွေစုစာအုပ် သို့မဟုတ် ချက်စာအုပ်မှတဆင့် လူကြီးမင်းများ၏ နိုင်ငံခြားငွေအကောင့်ကို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပါသည်။
အခြားသော ငွေစုစာရင်းများကဲ့သို့ ဝန်ဆောင်မှုများ ရယူနိုင်ပြီး 24/7 customer service ရရှိနိုင်မှာ ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- နိုင်ငံသားမှတ်ပုံတင်မိတ္တူ တစ်စုံ
- မည်သည့် နိုင်ငံခြားငွေအမျိုးအစားမဆို ကနဦးပေးသွင်းလျှင် (ဥပမာ - အမေရိကန်ဒေါ်လာအကောင့်အတွက် - အမေရိကန်ဒေါ်လာ ၁၀၀)
Terms & Conditions
- တစ်ကြိမ်လျှင် အများဆုံး ထုတ်ယူနိုင်သည့်ပမာဏ - အမေရိကန်ဒေါ်လာ ၅,၀၀၀ သို့မဟုတ် အခြားသောနိုင်ငံခြားငွေနှင့် ညီမျှသည့်ပမာဏ
- တစ်ပတ်လျှင် အများဆုံး ထုတ်ယူနိုင်သည့်ပမာဏ - အမေရိကန်ဒေါ်လာ ၁၀,၀၀၀ သို့မဟုတ် အခြားသောနိုင်ငံခြားငွေနှင့် ညီမျှသည့်ပမာဏ
နိုင်ငံခြားဆက်သွယ်ရေးဘဏ်များ
- India and Thailand
- Punjab National Bank
- Siam Commercial Bank PCL.,