Current Account
စာရင်းရှင်အပ်ငွေ
AGD ဘဏ်စာရင်းရှင်အပ်ငွေစာရင်းသည် လူကြီးမင်းတို့၏ နေ့စဉ်ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များအတွက် အလွယ်ကူဆုံးနှင့် အဆင်အပြေဆုံးသော အတိုးမဲ့ စာရင်းရှင်အပ်ငွေစာရင်း ဖြစ်ပါသည်။ အတိုးရသည့် ငွေစုစာရင်း များနှင့်ချိတ်ဆက်၍လည်း အသုံးပြုနိုင်ပါသည်။
နေ့စဉ် ငွေကြေးအမြောက်အများကိုင်တွယ်ရခြင်းမှ လျော့ချပေးပြီး ချက်လက်မှတ်များဖြင့် ငွေစုစာရင်းများမှ လူကြီးမင်းများ၏ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိင်ပါသည်။
ATM စက်များတွင်အသုံးပြုလိုခြင်းနှင့် ပစ္စည်းများဝယ်ယူသည့်အခါ ဆိုင်မှဝယ်ယူသည်ဖြစ်စေ၊ Online မှတဆင့် ဝယ်ယူသည်ဖြစ်စေ အဆင်ပြေစေရန် ကိုယ်ပိုင် Debit Card ကိုလည်းရရှိစေနိုင်ပါသည်။
AGD ဘဏ်၏ Mobile banking ဖြင့် online မှတဆင့် ဘယ်နေရာ၊ ဘယ်အချိန်မှာဘဲဖြစ်ဖြစ် အဆင်ပြေလွယ်ကူစွာ လူကြီးမင်းများ၏ ငွေကြေးများကို စစ်ဆေးနိုင်ပါသည်။
AGD ဘဏ်ခွဲ များတွင် ဝန်ဆောင်မှုရယူနိုင်သည်သာမက ATM စက်များတွင်ဝန်ဆောင်မှု 24/7 ကိုလည်း ရရှိနိုင်မှာဖြစ်ပါသည်။
Features
- အခမဲ့ရရှိနိုင်ခြင်း
- ကနဦး ပေးသွင်းငွေ ၁၀,၀၀၀ ကျပ်
- အနည်းဆုံးထားရှိရမည့် ငွေပမာဏ ၁,၀၀၀ ကျပ်
Benefits
- AGD-MPU (Co-Brand) Debit Card အခမဲ့ရရှိနိုင်ခြင်း
- Internet banking, mobile banking အသုံးပြုနိုင်ခြင်း
- ငွေလွှဲခပေးစရာမလိုဘဲ AGD ဘဏ် အကောင့်အချင်းချင်း ငွေလွှဲနိုင်ခြင်း
- ကောင်းမွန်သော Customer service