AGD ဘဏ်၏ GROW Campaign

ဩဂုတ် 4, 2022

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) သည် ၎င်းတို့၏ CSR လုပ်ငန်းစဉ်ဖြစ်သော GROW Campaign ကို မျိုးဆက်သစ် မိဘမေတ္တာ ပရဟိတမိဘမဲ့ကျောင်းတွင် သွားရောက်ပြီး ကလေးငယ်များအတွက် ရေသန့်စက်တပ်ဆင်ပေးခြင်း၊ သစ်ပင်များစိုက်ပျိုးခြင်း၊ ကူညီလုပ်အားပေးခြင်း နှင့် လှူဒါန်းခြင်းတို့ပြုလုပ်ရင်း စတင်ဖွင့်လှစ်ခဲ့ပါသည်။

မျိုးဆက်သစ် မိဘမေတ္တာ ပရဟိတမိဘမဲ့ကျောင်းသည် ၂၀၁၈ ခုနှစ်တွင် အရှင်ဓမ္မနန္ဒမှ မိဘမဲ့ ကလေးတစ်ဦးအား စတင် စောင့်ရှောက်ရင်း စတင်ဖြစ်ခဲ့ပြီး ယခုအခါတွင် ကလေးစုစုပေါင်း ၁၃၈ ယောက်ကို ကူညီစောင့်ရှောက်လျှက် ရှိပါသည်။

"AGD ဘဏ်ရဲ့ GROW Campaign ကလူ့အဖွဲ့အစည်း နှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ဖို့အတွက် လုပ်အားပေးခြင်း၊ လှူဒါန်းခြင်းများ ဆက်လက်လုပ်ဆောင်ပေးသွားမှာပါ။ လိုအပ်တဲ့နေရာတွေမှာ ရေသန့်စက်လှူတာတွေ၊ သစ်ပင်စိုက်ပျိုးတာတွေကိုလည်း လုပ်ဆောင်သွားမှာပါ" ဟု Deputy Managing Director ဦးဝေလင်းဦး မှ ပြောကြားခဲ့ပါသည်။

AGD ဘဏ် မိသားစုသည် ၁၆ ရက်နေ့၊ ဇူလိုင်လ၊ ၂၀၂၂ တွင် အဆိုပါ မိဘမဲ့ ပရဟိတကျောင်း၌ ကလေးများနှင့်အတူ ဆော့ကစားခြင်း၊ နေ့လည်စာအတူစားသောက်ကြခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းများ ပြုလုပ်ရင်း ကလေးများအတွက် ရေသန့်စက်၊ ဆန်၊ ဆီ၊ နို့မှုန့်၊ အဝတ်အထည်နှင့် အခြားလိုအပ်သော ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။

News
Promotions
ဇွန် 20, 2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် ဆုံးရှုံးမှုအများဆုံး အိမ်ထောင်စု ၃၀၀ အား ရခိုင်သဟာယအသင်း (ရန်ကုန်)…
ဇွန် 9, 2023
AGD MPU Debit ကတ်ကိုင်ဆောင်အသုံးပြုနေသော Customers များ ငွေသားထုတ်ယူမှု ပိုမိုလွယ်ကူအဆင်ပြေစေရန် AGD ATM…
ဇူလိုင် 14, 2023
စည်းကမ်းသတ်မှတ်ချက်များ * ယခုပို့စ်အား မိမိတို့၏ကိုယ်ပိုင် Feed မှာ Public Setting နဲ့ Share လုပ်ပေးရမည်ဖြစ်ပါသည်။ * Share…
မေ 5, 2023
5% off for AGD MPU Card Holders. (until November 2023) Address - No.209, Parami Road, 4 Ward, South Okkalapa, Yangon. For…