မြစ်ကြီးနားည၏ ဂုဏ်ပြု ညစာစားပွဲ

မေ 13, 2022

AGD ဘဏ်၏ CEO နှင့် မန်းနေးဂျင်းဒါရိုက်တာ ဦးထူးထက်တေဇသည် (၃)ရက် မေလ ၂၀၂၂ တွင် Swings of Success ဂေါက်သီးရိုက်ပြိုင်ပွဲဝင်များ၊ မြစ်ကြီးနားမြို့မှ AGD ဘဏ်အသုံးပြုသူများနှင့် Palm Spring Resort ၌ ကျင်းပခဲ့သော ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ 

Swings of Success ပွဲမှ အနိုင်ရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ကချင်ရိုးရာအကများဖြင့် ဖျော်ဖြေခြင်း၊ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခြင်းတို့ဖြင့် ကျင်းပခဲ့ပါသည်။

ထို့နောက် CEO မှ ညစာစားပွဲသို့ တက်ရောက်လာသူများအား ကျေးဇူးတင်စကားပြောကြားရင်း AGD ဘဏ်မှ အနာဂတ်တွင်လည်း အကောင်းဆုံး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေး အစဉ်အမြဲပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

AGD ဘဏ်အနေဖြင့် ယခုလို ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ကျင်းပခွင့်ရသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပြီး ဘဏ်အသုံးပြုသူ များအတွက် ပိုမိုကောင်းမွန်သော အစီအစဉ်များ လုပ်ဆောင်ပေးသွားဦးမည်ဖြစ်ပါသည်။

News
Promotions
ဇွန် 20, 2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့် ဆုံးရှုံးမှုအများဆုံး အိမ်ထောင်စု ၃၀၀ အား ရခိုင်သဟာယအသင်း (ရန်ကုန်)…
ဇွန် 9, 2023
AGD MPU Debit ကတ်ကိုင်ဆောင်အသုံးပြုနေသော Customers များ ငွေသားထုတ်ယူမှု ပိုမိုလွယ်ကူအဆင်ပြေစေရန် AGD ATM…
ဇူလိုင် 14, 2023
စည်းကမ်းသတ်မှတ်ချက်များ * ယခုပို့စ်အား မိမိတို့၏ကိုယ်ပိုင် Feed မှာ Public Setting နဲ့ Share လုပ်ပေးရမည်ဖြစ်ပါသည်။ * Share…
မေ 5, 2023
5% off for AGD MPU Card Holders. (until November 2023) Address - No.209, Parami Road, 4 Ward, South Okkalapa, Yangon. For…