Foreign Currency Accounts
နိုင်ငံခြားငွေအကောင့်ဟာ ငွေကြေးအမျိုးမျိုး ကိုင်တွယ်လုပ်ကိုင်နေရတဲ့ လုပ်ငန်းများအတွက် အရေးပါတဲ့ အကောင့်တစ်ခုဖြစ်ပါတယ်။
နိုင်ငံခြားငွေအကောင့်
AGD ဘဏ်တွင်အောက်ဖော်ပြပါ နိုင်ငံခြားငွေများအတွက် အကောင့်ဖွင့်လှစ်နိုင်ပါသည်။
- USD: US Dollar အမေရိကန်ဒေါ်လာ
- EUR: Euro ယူရို
- SGD: Singapore Dollar စင်ကာပူဒေါ်လာ
ဤ account ကိုနိုင်ငံခြား သို့မဟုတ် ပြည်တွင်းကုမ္ပဏီများ၊ သံရုံးများနှင့် Diplomatic corps အသင်းဝင်များဖွင့်နိုင်ပါသည်။ ကနဦးပေးသွင်းငွေ (သတ်မှတ်ထားသည့်ငွေကြေး) ၁၀၀ Unit ထားရှိရပါမည်။
လိုအပ်သောစာရွက်စာတမ်းများ
(၁) ထည့်သွင်းမည့်ငွေကြေးသည် ငွေလဲကောင်တာများမှ ဝယ်ယူထားကြောင်း voucher သို့မဟုတ် လစာဖြတ်ပိုင်းသို့မဟုတ် တရားဝင်လုပ်ငန်းမှရရှိထားသော ငွေကြေးဖြစ်ကြောင်းအထောက်အထား
(၂) တစ်ဦးတယောက် သို့မဟုတ် Joint account များအတွက်ငွေစုသူ၏လက်မှတ်များလိုအပ်ပြီး၊ကုမ္ပဏီများနှင့် အခြားအဖွဲ့အစည်းများအတွက် အစည်းအဝေးဆုံးဖြတ်ချက်မှ သတ်မှတ်ထားသော သူ၏လက်မှတ်
စာရင်းရှင်အပ်ငွေ အတွက်စာအုပ်များ
(၁) ငွေစုစာအုပ် (ငွေသွင်း၊ ငွေထုတ်နှင့် စာရင်းလက်ကျန်များကို ကြည့်ရှု စစ်ဆေးရန်)
(၂) ချက်စာအုပ် (Foreign currency current account မှ နိုင်ငံခြားငွေထုတ်ယူရန်
ငွေသွင်း / ငွေထုတ်ခြင်း
- အများဆုံးထုတ်ယူနိုင်သည့်ပမာဏ အမေရိကန်ဒေါ်လာ၁သောင်း
- Foreign currency account အချင်းချင်း ငွေလွှဲခြင်း
- AGD account မှ MFTB/MICB accounts များသို့ ငွေလွှဲခြင်း
ဘဏ်စာရင်းလက်ကျန်မှတ်တမ်း
နိုင်ငံခြားငွေ အကောင့်များအတွက် လစဉ် ဘဏ် statement များကို လစဉ် လအစတိုင်းမှာ AGD ဘဏ်ခွဲများတွင် တောင်းယူနိုင်ပါသည်။
Foreign currency account ဖွင့်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
- အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ ကြိုက်နှစ်သက်ရာ
- AGD ဘဏ်အကောင့်အချင်းချင်း current account တွင် ပြုလုပ်နိုင်ခြင်း
- Telegraphic Transfer (IT) and Letter of Credit (LC) မှတဆင့် လုပ်ဆောင်နိုင်ခြင်း
- ငွေလဲကောင်တာများတွင် ငွေရောင်း ငွေဝယ် ပြုလုပ်နိုင်ခြင်း
- နိုင်ငံခြားငွေ ယှဉ်ပြိုင်မှုအတွက် ဗဟိုဘဏ်နှင့် Yangon Interbank Foreign Exchange Market များတွင် ပါဝင်နိုင်ခြင်း
- MFTB နှင့် MICB အကောင့်များမှတဆင့် နိုင်ငံခြားငွေ ရောင်း/ဝယ် ပြုလုပ်နိုင်ခြင်း
- Bank guarantee ရယူနိုင်ခြင်း
Notes
- Foreign currency account များအတွက် အတိုးရရှိနိုင်ခြင်းမရှိပါ။ Foreign currency saving deposit account မရှိပါ။
- ဖော်ပြပါ အကောင့်ဖွင့်ရန်အတွက် အကောင့်ဖွင့်လိုသည့် လူကိုယ်တိုင် လာရောက်ရမှာဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင် မူရင်းနှင့်အတူ ထားရှိလိုသည့် ငွေသားကိုပါ ယူဆောင်လာရပါမည်။ Joint account ဖွင့်လိုသူများအတွက် နှစ်ဦးအတူတူ လာရောက်ရပါမည်။
နိုင်ငံခြားဆက်သွယ်ရေးဘဏ်များ
AGDဘဏ်သည် အောက်ဖော်ပြပါနိုင်ငံတကာဘဏ်များနှင့်ချိတ်ဆက်လုပ်ဆောင်ပြီး ငွေလွှဲခြင်းလုပ်ငန်း များကိုလည်းလုပ်ဆောင်လျှက်ရှိပါတယ်။
1. India
- Punjab National Bank (PNB)
2. Thailand
- Siam Commercial Bank (SCB)
- Other International Remittance
အသေးစိတ် သိရှိလိုသည်များအတွက် services@agdbank.com (သို့မဟုတ်) ဖုန်းနံပါတ် ၀၁-၂၃၉ ၉၃၃၃ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။